ဟောရှေ 10:2 - Common Language Bible2 သူတို့၏စိတ်နှလုံးသည်မစစ်မှန်သဖြင့် ယခုပင်အပြစ်ဒဏ်ခံရကြလိမ့်မည်။ ဘုရားသခင်သည်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ၍သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ဖျက်ဆီးတော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible2 သ စ္စာ မဲ့ သော စိတ် ရှိ သည့် အ တိုင်း၊ အ ပြစ် ဒဏ် ခံ ထိုက် သ ဖြင့်၊ ယဇ် ပ လ္လင် လည် သီး ဖြတ် ခြင်း၊ ကျောက် တိုင် လု ယူ ခြင်း ကို ခံ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible2 သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ချင်း အပြစ်ဒဏ်ကိုခံရကြမည်။ သူတို့ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင်ဖြိုချ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 သူတို့သည် စိတ်နှလုံးမိုက်မဲကြ၏။ ယခုမှာ အပြစ်ဒဏ်ခံရတော့မည်။ ကိုယ်တော်သည် သူတို့၏ယဇ်ပလ္လင်တို့ကို ဖြိုချပြီး အထွတ်အမြတ်ကျောက်တိုင်တို့ကို ဖျက်ဆီးတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-