Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 5:19 - Common Language Bible

19 သင်​တို့​က၊``ငါ​တို့​တွေ့​မြင်​ရကြ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​လျင် အ​မြန်​ပြု​တော်​မူ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​ကြံ​အ​စည်​တော်​တို့​ကို အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​ကို​ငါ တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ချေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​တို့​က “​ငါ​တို့​တွေ့​ဖို့ ကိုယ်တော်​သည် မိမိ​အမှု​ကို အလျင်အမြန်​ပြု​ပါစေ​။ အလျင်အမြန်​ပြု​ပါစေ​။ ငါ​တို့​သိ​ဖို့ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​အကြံဉာဏ်​သည် နီးလာ​ပါစေ​။ ရောက်လာ​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 5:19
13 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​လမ်း​မှ​ဖယ်​ကြ​လော့။ ငါ​တို့​လမ်း​ကို မ​ပိတ်​ကြ​နှင့်။ သင်​တို့​ကိုး​ကွယ်​သော​သန့်​ရှင်း မြင့်​မြတ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​ငါ​တို့ မ​ကြား​လို'' ဟု​ဆို​ကြ​၏။


ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ကာ​စ​ကား တော်​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​ငါ့​အား​သစ္စာ စောင့်​ကြ​သည်​ဖြစ်​၍​သင်​တို့​အ​မျိုး​သား အ​ချို့​တို့​သည်​သင်​တို့​ကို​မုန်း​၍​ဝိုင်း​ပယ် ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ပြောင်​လှောင် ကာ``ငါ​တို့​သည်​သင်​တို့​ရွှင်​လန်း​ဝမ်း​မြောက် သည်​ကို​မြင်​လို​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​သည့်​တန်​ခိုး​တော် ကို​ပြ​၍​ကယ်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ရှက် ကွဲ​ကြ​ရ​မည့်​သူ​များ​ဖြစ်​ပေ​သည်။-


လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။


ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-


သို့​ဖြစ်​၍`ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို နောက်​တစ်​ဖန်​ထို​သူ​တို့ မ​ပြော​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​တစ် စုံ​တစ်​ယောက်​သော​သူ​သည်​ဤ​သို့​ပြော​ဆို ပါ​က၊ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ယင်း​သို့​ပြော ဆို​သူ​အ​တွက်​အ​ကယ်​ပင်​ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​စေ​မည်။ လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်၊ အ​သက်​ရှင်​တော်​မူ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား တော်​ကို အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ် စေ​ကြ​လေ​ပြီ။-


ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-


``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။-


မ​ကြာ​မီ​၌​ပင်​ဤ​သူ​တို့​က``ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကြောက်​ရွံ့​သော​ကြောင့် ငါ​တို့​၌​ဘု​ရင်​မ​ရှိ၊ ဘု​ရင်​ရှိ​သည့်​တိုင် အောင်​သူ​သည်​ငါ​တို့​အ​တွက်​မည်​သို့​ဆောင် ရွက်​ပေး​နိုင်​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။-


သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ