မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။
သူကြီး 9:54 - Common Language Bible ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။- Garrad Bible လက် နက် ကိုင် လူ ငယ် ကို အ မြန် ခေါ် လျက် ငါ့ ကို မိန်း မ သတ် သည် ဟု ဆို လေ့ မ ရှိ စေ ခြင်း ငှါ၊ သင့် ဓား ကို ထုတ်၍ သတ် လော့ ဟု ဆို သည့် အ တိုင်း ထိုး သတ် သ ဖြင့် သေ လေ ၏။ Judson Bible သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှာ၊ သင့်ဓားကိုထုတ်၍ ငါ့ကိုသတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည်ထိုး၍ အဘိမလက် သေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။ |
မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။
ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊-
ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။-
သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
လုလင်ပျိုသည်ရှောလုကွယ်လွန်သွား ကြောင်းတွေ့မြင်သောအခါ မိမိကိုယ်ကို ဋ္ဌားပေါ်တွင်လှဲချကာသေလေ၏။-
ဒေဗောရကလည်း``ကောင်းပြီ၊ သင်နှင့်အတူ ငါလိုက်ပါအံ့။ သို့ရာတွင်သင်သည်ထိုအောင် ပွဲနှင့်ဆိုင်သောဂုဏ်အသရေကိုရရှိလိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည်သိသရကိုအမျိုးသမီးလက် သို့ပေးအပ်တော်မူလိမ့်မည်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ သို့ဖြစ်၍ဒေဗောရသည် ဗာရက်နှင့်အတူကိရှန်မြစ်သို့ထွက်ခွာ သွား၏။-
ဣသရေလအမျိုးသားတို့သည် အဘိမလက် သေကြောင်းကိုကြားသိကြသောအခါ မိမိ တို့အိမ်သို့ပြန်သွားကြ၏။
ယောနသန်နှင့်သူငယ်အား``ဤအရပ်သို့ လာခဲ့လော့။ သင်တို့အားငါတို့ပြောစရာ ရှိသည်'' ဟုဟစ်အော်၍ဖိတ်ခေါ်ကြ၏။ ယောနသန်သည်သူငယ်အား``ငါ့နောက်ကို လိုက်ခဲ့လော့။ ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား အောင်ပွဲကို ပေးတော်မူပြီ'' ဟုဆိုပြီးလျှင်၊-
တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-
ဤပထမလူသတ်ပွဲတွင်ယောနသန်နှင့် သူငယ်တို့၏လက်ချက်ဖြင့် ဧကဝက်ခန့် ရှိသောနယ်မြေတွင်လူပေါင်းနှစ်ဆယ်ခန့် သေသတည်း။-
ထို့အခါရှောလုကမိမိ၏လူတို့အား``တပ် တွင်းမှပျောက်နေသူကိုသိရှိနိုင်ရန်စစ် သည်တို့ကိုစစ်ဆေးကြည့်လော့'' ဟုအမိန့် ပေးသည်အတိုင်းစစ်ဆေးကြည့်ကြရာ ယောနသန်နှင့်သူ၏လက်နက်သယ်ဆောင် သူလူငယ်တို့မရှိကြောင်းတွေ့ရကြ၏။-
လူငယ်က``အရှင်အလိုရှိရာပြုတော်မူ ပါ။ အကျွန်ုပ်သည်အရှင်နှင့်အတူလိုက် ပါမည်'' ဟုဆိုလျှင်၊
ဒါဝိဒ်သည်ရှောလုထံသို့လာရောက်ပြီးလျှင် အမှုတော်ကိုထမ်းဆောင်လေသည်။ ရှောလု သည်လည်းသူ့ကိုလွန်စွာနှစ်သက်တော်မူ သဖြင့်မိမိ၏လက်နက်သယ်ဆောင်သူ အရာ၌ခန့်ထားတော်မူ၏။-
ဤကားရှောလုသားတော်သုံးပါးနှင့် လူငယ် တို့သေရကြပုံဖြစ်ပေသည်။ ထိုနေ့၌ရှောလု ၏လူအပေါင်းတို့သည်သေဆုံးကြကုန်၏။-