သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။
သူကြီး 9:49 - Common Language Bible သို့ဖြစ်၍လူတိုင်းပင်သစ်ကိုင်းတစ်ခုစီကို ခုတ်၍ အဘိမလက်၏နောက်ကလိုက်ပြီးလျှင် ခိုင်ခံ့သောအခန်းကိုမီးပုံရှို့ကြ၏။ ရဲတိုက် ထဲမှလူအပေါင်းတို့သည်သေကြကုန်၏။ ဤသူတို့၏အရေအတွက်မှာယောကျာ်း မိန်းမတစ်ထောင်ခန့်ရှိသတည်း။ Garrad Bible ပါ ရှိ သ မျှ သော သူ အ သီး အ သီး တို့ လည်း သစ် ကိုင်း ကို ခုတ် ဖြတ် ပြီး လျှင် အ ဘိ မ လက် နောက် က လိုက် လျက် မြေ တိုက် ကို ထို သစ် ကိုင်း များ ဖြင့် အုံ၍ မီး တိုက် ရာ မိန်း မ ယောက်ျား တစ် ထောင် ခန့် ရဲ တိုက် ရှိ သူ အ ပေါင်း တို့ သေ ကြ ကုန်၏။ Judson Bible သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တစ်ထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည်လည်း သစ်ကိုင်းကို ခုတ်ကြပြီးလျှင် အဘိမလက်နောက်သို့လိုက်သွား၍ သစ်ကိုင်းတို့ကို မြေအောက်ခန်းပေါ် ပုံထားကြ၏။ ထို့နောက် ထိုသစ်ကိုင်းများကို မီးရှို့သဖြင့် မြေအောက်ခန်းကို မီးလောင်လေ၏။ ရဲတိုက်ရှိ ရှေခင်လူယောက်ျား၊ မိန်းမ တစ်ထောင်ခန့်လည်း သေကြကုန်၏။ |
သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။
အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။-
ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။
သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။''
မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။-
ထိုနောက်အဘိမလက်သည် သေဗတ်မြို့သို့ သွားရောက်ဝိုင်းရံထားပြီးလျှင်သိမ်းယူ လိုက်လေသည်။-