မိမိ၏လူတို့ကိုသုံးစုခွဲ၍လယ်များတွင်ပုန်း အောင်းစောင့်ဆိုင်းလျက်နေ၏။ မြို့ထဲမှလူတို့ ထွက်လာသည်ကိုမြင်လျှင် သူသည်ပုန်းအောင်း ရာမှထွက်၍သူတို့အားလုပ်ကြံလေ၏။-
ရဲ မက် တို့ ကို သုံး တပ် ခွဲ ပြီး လျှင်၊ ချောင်း၍ ကြည့် နေ စဉ် မြို့ သား တို့ ထွက် လာ သည့် အ ခိုက် ထ၍ လုပ် ကြံ ရာ
မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍လုပ်ကြံလေ၏။
သူ့လူတို့ကို သုံးဖွဲ့ခွဲ၍ မြို့ပြင်တွင် ကင်းပုန်းချ၏။ မြို့ထဲမှလူတို့ထွက်လာသည်ကို မြင်လျှင် သူတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။
နောက်တစ်နေ့၌ရှေခင်မြို့သားတို့သည်လယ် တောသို့ထွက်ရန် အကြံအစည်ပြုလျက်ရှိ ကြောင်းကိုအဘိမလက်ကြားသိရသဖြင့်၊-
အဘိမလက်နှင့်သူ၏လူစုသည်မြို့တံခါး ကိုစောင့်ထိန်းရန်သွားကြစဉ် အခြားလူနှစ်စု တို့လယ်ထဲမှလူတို့အားတိုက်ခိုက်သတ်ဖြတ် ပစ်လိုက်ကြလေသည်။-
နောက်တစ်နေ့နံနက်၌ရှောလုသည်မိမိ ၏လူတို့ကိုသုံးတပ်ခွဲပြီးလျှင် အရုဏ် တက်ချိန်၌ ရန်သူတပ်စခန်းကိုအတင်း ဝင်၍တိုက်ခိုက်ရာမွန်းတည့်ချိန်ရောက်သော် အမ္မုန်အမျိုးသားတို့ကျဆုံးကြကုန်၏။ မသေဘဲကြွင်းကျန်နေသူတို့သည်လည်း တကွဲတပြားကိုယ်လွတ်ရုန်း၍ထွက်ပြေး ကြလေသည်။