ငါသာလျှင်တရားသူကြီးဖြစ်ခဲ့ပါမူငြင်း ခုံမှု၊ တရားမှုရှိသူသည်ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့်စီရင်မည်'' ဟုပြော ဆိုလေ့ရှိ၏။-
သူကြီး 9:29 - Common Language Bible အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။'' Garrad Bible ဤ လူ မျိုး သည် ငါ့ အောက် တွင် ပါ ရှိ ချေ သော် အ ဘိ မ လက် ကို ငါ ပယ် ရှား မည် ဟု ဆို သည့် ပြင် အ ဘိ မ လက် အား လည်း ဗိုလ် ထု များ စွာ နှင့် ချီ တက် ခဲ့ လော ဟု ဆို လိုက်၏။ Judson Bible ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍လည်းကောင်း၊ အဘိမလက်အား သင်၏ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍လည်းကောင်း ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ဤလူတို့သာ ငါ့လက်အောက်သို့ရောက်လျှင် ငါသည် အဘိမလက်ကိုဖယ်ရှားပစ်မည်”ဟု ဆိုပြီး အဘိမလက်အားလည်း “သင်၏စစ်တပ်ကိုအင်အားဖြည့်ပြီး ထွက်ခဲ့လော့”ဟု စိန်ခေါ်လေ၏။ |
ငါသာလျှင်တရားသူကြီးဖြစ်ခဲ့ပါမူငြင်း ခုံမှု၊ တရားမှုရှိသူသည်ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့်စီရင်မည်'' ဟုပြော ဆိုလေ့ရှိ၏။-
အာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။
ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
ငါ၏သခင်ဧကရာဇ်ဘုရင်သည် သင်တို့နှင့် အလောင်းအစားပြုမည်။ သင်တို့သည်မြင်းစီး သူရဲနှစ်ထောင်ရအောင်ရှာနိုင်မည်ဆိုလျှင် သင် တို့အားမြင်းကောင်ရေနှစ်ထောင်ကိုငါပေးမည်။-
သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။