သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။ သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍ မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
သူကြီး 9:27 - Common Language Bible ထိုသူအပေါင်းတို့သည်စပျစ်ဥယျာဉ်များ သို့သွားရောက်ကာ စပျစ်သီးများကိုခူး၍ စပျစ်ရည်ပြုလုပ်ပြီးလျှင် ပွဲလမ်းသဘင် တစ်ရပ်ကိုဆင်နွှဲကြ၏။ သူတို့သည်မိမိ တို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စား သောက်ကာအဘိမလက်အားပြက်ရယ် ပြုကြ၏။- Garrad Bible မြို့ ပြင် သို့ ထွက် သွား ပြီး လျှင် စ ပျစ် ခြံ အ သီး ကို ဆွတ်၍ ဖိ နင်း ခြင်း၊ ပျော် ပွဲ ကျင်း ပ ခြင်း၊ ကိုယ့် ဘု ရား၏ ဗိ မာန် အ တွင်း ဝင် ရောက် ခြင်း၊ စား သောက် ခြင်း များ ကို ပြု လျက်၊ အ ဘိ မ လက် ကို လည်း ကျိန် ဆို ကြ ရာ၊ Judson Bible ဥယျာဉ်၌လည်လျက် စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကိုပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်းသို့သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။ |
သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။ သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍ မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊ `ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။ အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။-
ဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊-
ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-
သူတို့သည်မိမိတို့ပဋိညာဉ်ပြုထားသည့် ဗာလဘုရား၏ဝတ်ကျောင်းမှ ငွေအခွက် ခုနစ်ဆယ်ကိုအဘိမလက်အားပေးကြ၏။ ထိုငွေဖြင့်သူသည်အခြေအနေမဲ့သူလူ ခုနစ်ဆယ်အား မိမိနောက်သို့လိုက်ရန်ငှား ရမ်းပြီးလျှင်၊-
ရှေခင်ရဲတိုက်ရှိခေါင်းဆောင်အပေါင်းတို့သည် ထိုသတင်းကိုကြားသောအခါ မိမိတို့ပဋိ ညာဉ်ပြုထားသည့်ဗာလဘုရားဝတ်ကျောင်း ရှိခိုင်ခံ့သောအခန်းထဲသို့ဝင်၍နေကြ၏။-
သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-