နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။-
သူကြီး 7:22 - Common Language Bible ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။ Garrad Bible ထို တံ ပိုး သုံး ရာ ကို မှုတ် ကြ လျှင် ထာ ဝ ရ ဘု ရား သည် တပ် သား အ ပေါင်း တို့ ကို အ ချင်း ချင်း ဓား ဝင့် စေ လျက်၊ ဇေ ရ ရာ မြို့၊ ဗက် ရှိ တ္တ ရွာ တိုင် လည်း ကောင်း၊ တ ဗ္ဗတ် မြို့ အ နီး ရှိ အာ ဗေ လ မ ဟော လ တောင် စောင်း တိုင် လည်း ကောင်း၊ ပြေး ကြ ရာ၊ Judson Bible လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့လည်းကောင်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလ မြို့နယ်သို့လည်းကောင်း ပြေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။ |
နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။-
အဟိလုပ်၏သားဗာန၊တာနက်မြို့၊မေဂိဒ္ဒေါမြို့နှင့် တကွ အာဗေလမဟောလမြို့များနှင့်ယုတ်နန် မြို့တိုင်အောင်ရှိသည့်နယ်မြေတစ်ခုလုံး။ ထိုနယ် မြေသည်ဗက်ရှန်မြို့နှင့်ဇာတနမြို့များအနီး၊ ယေဇရေလမြို့၏တောင်ဘက်တွင်ရှိသတည်း။
အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့် သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
ငါ၏တောင်ပေါ်တွင်ငါသည်ဂေါဂအားဋ္ဌား အားဖြင့် ထိတ်လန့်တုန်လှုပ်စေမည်။ ဤကားငါ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ် ၏။ သူ၏လူတို့သည်အချင်းချင်းသတ်ဖြတ် ကြလိမ့်မည်။-
တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။-
ထိုအခါထာဝရဘုရားသည် သူတို့အား အလွန်ရှုပ်ထွေးကြောက်လန့်စေတော်မူမည် ဖြစ်၍ လူတိုင်းပင်မိမိတို့အနီးတွင်တွေ့ ရှိသူတို့ကိုဖမ်းဆီးတိုက်ခိုက်ကြလိမ့်မည်။-
သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။-
ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။-
ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-
ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည်တံပိုးခရာ တစ်လုံးစီကိုင်၍ ပဋိညာဉ်သေတ္တာတော်ရှေ့က သွားရမည်။ သတ္တမနေ့တွင်ယဇ်ပုရောဟိတ်တို့ သည်တံပိုးခရာမှုတ်၍ရှေ့ဆောင်လျက် သင်နှင့် သင်၏စစ်သည်တို့သည်မြို့ကိုခုနစ်ကြိမ် ပတ်ရကြမည်။-
သို့သော်အချိန်ရောက်သောအခါရှောလုသည် သမီးတော်မေရပ်အားဒါဝိဒ်နှင့်ထိမ်းမြား စုံဖက်ခြင်းမပြုဘဲ မေဟောလသိမြို့သား အဒြေလနှင့်စုံဖက်လိုက်လေသည်။