ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
သူကြီး 5:5 - Common Language Bible တောင်ရိုးတို့သည်သိနာတောင်၏အရှင် ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌တုန်လှုပ်ကြ ပါ၏။ Garrad Bible တောင် များ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ လည်း ကောင်း၊ ထို သိ နာ တောင် သည် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ လည်း ကောင်း၊ တုန် လှုပ် ပါ၏။ Judson Bible တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌လည်းကောင်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌လည်းကောင်း တုန်လှုပ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း တောင်များသည် ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ကြပါ၏။ သိနာတောင်ပင်လျှင် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ရပါ၏။ |
ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။
မြေကြီးသည်တုန်လှုပ်၍မိုးကောင်းကင်မှ မိုးရွာပါ၏။ အဘယ်ကြောင့်ဆိုသော် သိနာတောင်၏ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသည် ကြွလာတော်မူသောကြောင့်ဖြစ်ပါ၏။
ကိုယ်တော်ရှင်သည်မိုးကိုသည်းထန်စွာရွာစေ သဖြင့် ပင်ပန်းနွမ်းနယ်လျက်နေသည့်ပြည်တော်ကို ပြန်လည်၍လန်းဆန်းစေတော်မူပါ၏။
ကမ္ဘာမြေကြီးကိုအစိုးရသော အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။
ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။
ကိုယ်တော်၏ရှေ့၌တောင်ကြီးများသည် တုန်လှုပ်ကြလျက်၊ တောင်ငယ်များသည်အရည်ပျော်ကြကုန်၏။ ထာဝရဘုရားကြွလာတော်မူသောအခါ မြေငလျင်လှုပ်၍၊ ကမ္ဘာလောကနှင့်တကွကမ္ဘာသူကမ္ဘာသား အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ၏။
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-