Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နာ​ဟုံ 1:5 - Common Language Bible

5 ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊ တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ရှေ့ တော် တွင် တောင် များ သည် တုန် လှုပ် ခြင်း၊ ကုန်း များ သည် အ ရည် ပျော် ခြင်း မြေ ပ ထ ဝီ နှင့် လော က ဓာတ် သည် တည် ရှိ သ မျှ ပါ ရွေ့ ရှား ခြင်း ခံ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ကိုယ်​တော်​ကြောင့် တောင်​တို့​သည် တုန်​လှုပ်​လျက်၊ ကုန်း​တို့​သည် အ​ရည်​ကျို​လျက်၊ ရှေ့​တော်၌ မြေ​ကြီး​နှင့် လော​က​ဓာတ်​မှ​စ၍ လော​က​သား​အ​ပေါင်း​တို့​သည် ရွေ့​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 တောင်​များ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်ခါ​၍ တောင်ကုန်း​များ အရည်ပျော်​ကုန်​၏​။ မြေကြီး​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​၍ ကမ္ဘာကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​သည်​လည်း တုန်လှုပ်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နာ​ဟုံ 1:5
34 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။


ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။


ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။


ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့် တော်​မူ သော​အ​ခါ​ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ရ​၏။ တောင်​တို့​ကို​တို့​ထိ​တော်​မူ​သော​အ​ခါ​တောင် များ​မှ မီး​ခိုး​ထွက်​ရ​၏။


တောင်​ကြီး​တို့​သည်​ဆိတ်​များ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည်​သိုး​များ​ကဲ့​သို့​လည်း​ကောင်း ခုန်​ပေါက်​ကြ​၏။


တောင်​ကြီး​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ဆိတ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ​သ​နည်း။ တောင်​ငယ်​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် သိုး​သ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ သ​နည်း။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့် ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။ တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။


ကိုယ်​တော်​၏​နှာ​ခေါင်း​တော်​ထဲ​မှ မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။


လူ​မျိုး​အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​၏။ ဘု​ရား​သ​ခင်​မိန့်​မြွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​အ​ရည်​ပျော်​လေ​၏။


မြေ​ကြီး​သည်​တုန်​လှုပ်​၍​မိုး​ကောင်း​ကင်​မှ မိုး​ရွာ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သိ​နာ​တောင်​၏​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သည် ကြွ​လာ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။


အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း တို့၊ အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ချင်း​ကုန်း​မြေ​နှင့်​ကုန်း​မြေ​ပေါ်​တွင် အ​သက်​ရှင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ လော့။


ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပျက် ပြုန်း​စေ​တော်​မူ​၍ လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ မျက်​နှာ​ပြင်​ကို​တွန့်​လိမ်​စေ​၍ လူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-


ကမ္ဘာ​မြေ​ကြီး​သည်​လေ​မုန်​တိုင်း​မိ​သည့်​တဲ ကဲ့​သို့​လည်း​ကောင်း၊ သေ​သောက်​ကြူး​သူ​ကဲ့​သို့ လည်း​ကောင်း​ယိမ်း​ယိုင်​လျက်​နေ​လိမ့်​မည်။ ကမ္ဘာ လော​က​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ သ​ဖြင့် ပြို​လဲ​သွား​လိမ့်​မည်။ နောက်​တစ်​ဖန် ပြန်​၍​ထ​နိုင်​တော့​မည်​မ​ဟုတ်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​အ​မျက်​ထွက်​တော်​မူ​၍ အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ရန်​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့် တောင်​တို့​သည်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သေ​သော သူ​တို့​၏​အ​လောင်း​များ​သည်​လမ်း​များ​ပေါ် တွင်​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ကျန်​ရစ်​လိမ့်​မည်။ ထို​အ​ခါ​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက် တော်​သည်​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော် သည်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို ဆန့်​လျက်​ပင်​ထား​ရှိ​လိမ့်​ဦး​မည်။


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။


ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော် တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။


ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။-


သူ​တို့​ချဉ်း​ကပ်​လာ​ချိန်​၌​မြေ​င​လျင်​လှုပ် လေ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​တ​သိမ့်​သိမ့်​တုန်​၍ သွား​လေ​၏။ နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်​နေ​ကာ​ကြယ် တာ​ရာ များ​သည်​လည်း​မ​ထွန်း​မ​လင်း​ကြ​တော့​ချေ။


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊ မြေ​င​လျင်​ကြီး​လှုပ်​သည်။ မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။


ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။


တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''


အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-


ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။ မြေ​င​လျင် လှုပ်​၏။ ကျောက်​ဆောင်​များ​ပြို​ကွဲ​ကြ​၏။-


ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-


ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-


မိုး​ကောင်း​ကင်​သည်​စာ​စောင်​ကို​လိပ်​သ​ကဲ့​သို့ ပျောက်​ကွယ်​သွား​၏။ တောင်​များ​နှင့်​ကျွန်း​ရှိ သ​မျှ​သည်​မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​ကုန်​၏။-


တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင် ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ