ထိုအခါလဝိဒုတ်၏ဇနီးဒေဗောရသည် ပရောဖက်မဖြစ်၍ ဣသရေလအမျိုးသား တို့အတွက်တရားသူကြီးတစ်ဦးအဖြစ် အမှုထမ်းလျက်နေ၏။-
ထို အ ခါ ပ ရော ဖက် မ ဖြစ် သော လ ပိ ဒုတ် မ ယား ဒေ ဗော ရ သည်၊ ဣ သ ရေ လူ မျိုး ကို အုပ် စိုး စီ ရင် ရာ
ထိုကာလအခါ လပိဒုတ်မယား ပရောဖက်မဒေဗောရသည် ဣသရေလအမျိုးကိုအုပ်စိုး၏။
ထိုကာလ၌ လပိဒုတ်၏မယား ပရောဖက်မဒေဗောရသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။
ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့အထဲတွင် ဗျာဒိတ်စကား များကိုလုပ်ကြံဟောပြောကြသူအမျိုး သမီးတို့ကိုကြည့်လော့။ သူတို့အားရှုတ် ချလော့။-
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။-
အာရှာအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နနာမည် ရှိသောအမျိုးသမီးပရောဖက်တစ်ပါးရှိ၏။ သူသည်များစွာအသက်အရွယ်ကြီးရင့်သူ ဖြစ်၏။ ငယ်ရွယ်စဉ်တွင်အိမ်ထောင်ကျ၍ခုနစ် နှစ်မျှခင်ပွန်းဖြစ်သူနှင့်ပေါင်းသင်းရ၏။-
သူ့မှာအိမ်ထောင်မကျသေးသောသမီးလေး ယောက်ရှိ၏။ ထိုသမီးတို့သည်ဘုရားသခင် ၏တရားတော်ကိုဟောပြောကြေညာသူ များဖြစ်ကြ၏။-
မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။-
ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။