စုရုံးရောက်ရှိလာကြသောဘုရားသခင် ၏လူမျိုးတော်တွင် ဣသရေလအနွယ် အပေါင်းတို့၏ခေါင်းဆောင်များပါဝင် ကြ၏။ မိဇပါမြို့၌ခြေလျင်တပ်သား ပေါင်းလေးသိန်းမျှစုရုံးလျက်ရှိသတည်း။-
လူ မျိုး တော် ဖြစ် သော ဣ သ ရေ လ အ မျိုး အ နွယ် တို့၏ အ ကြီး အ ကဲ များ နှင့် ဓား ကိုင် သူ ရဲ လေး သိန်း ပါ ဘု ရား သ ခင်၏ လူ မျိုး တော် အ စု အ ရုံး၌ မျက် နှာ ပြ ကြ၏။
ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ဓားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
အစ္စရေးအမျိုးအနွယ်အားလုံး၏အကြီးအကဲတို့နှင့် ဓားကိုင်ခြေလျင်တပ်သားလေးသိန်းတို့သည် ဘုရားသခင်၏လူမျိုးတော်စုဝေးရာနေရာတွင် နေရာယူကြ၏။
အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
သူတို့သည်ဣသရေလပြည်တွင်စစ်မှုထမ်း နိုင်သူလူပေါင်းရှစ်သိန်းနှင့် ယုဒပြည်တွင် ငါးသိန်းရှိကြောင်းမင်းကြီးအားအစီရင် ခံကြ၏။
မောဘဘုရင်သည်မိမိရှုံးနိမ့်လျက်ရှိကြောင်း ကိုသိသောအခါ ဋ္ဌားကိုင်စစ်သူရဲခုနစ်ရာကို ခေါ်၍ရန်သူ၏တပ်ကိုထိုးဖောက်ပြီးလျှင် ရှုရိ ဘုရင်ထံသို့ထွက်ပြေးရန်အားထုတ်လေသည်။ သို့ရာတွင်မအောင်မြင်ချေ။-
သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
ဗင်္ယာမိန်အနွယ်ဝင်များမပါဘဲလက်နက် ကိုင်ဣသရေလအမျိုးသား စစ်သားဦးရေ မှာလေးသိန်းမျှရှိသတည်း။
ဤအတောအတွင်းဗင်္ယာမိန်အမျိုးသား တို့သည်မိဇပါမြို့၌ အခြားဣသရေလ အမျိုးသားအပေါင်းတို့စုဝေးလျက်ရှိ ကြောင်းကိုကြားသိကြလေသည်။ ဣသရေလအမျိုးသားတို့က``ဤရာဇဝတ် မှုကိုအဘယ်သို့ကူးလွန်ပါသနည်း။ ငါ တို့အားပြောပြပါလော့'' ဟုမေးကြလျှင်၊-
ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-
ရှောလုသည်သူတို့အားဗေဇက်မြို့တွင် စုရုံးစေရာ ဣသရေလပြည်မှလူသုံး သိန်းနှင့်ယုဒပြည်မှလူသုံးသောင်းရရှိ သတည်း။-