သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
သူကြီး 2:10 - Common Language Bible ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။ Garrad Bible ထို တစ် ဆက် လုံး လည်း ဘိုး ဘေး တို့ ထံ ရောက် ကြ ပြီး နောက် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ စီ ရင် တော် မူ သော အ မှု ကို လည်း ကောင်း၊ မ သိ သော တစ် ဆက် ပေါ် ပေါက် လာ သ တည်း။ Judson Bible ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ရောက်ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှုလက်ထက်မျိုးဆက်တစ်ဆက်လုံး သေဆုံး၍ဘိုးဘေးတို့စုစည်းရာသို့ ရောက်လေ၏။ ထိုမျိုးဆက်ပြီးမှ ထာဝရဘုရားကို မသိသော၊ အစ္စရေးအမျိုးသားတို့အဖို့ ထာဝရဘုရားပြုတော်မူသောအမှုကိုမသိသော နောက်မျိုးဆက်တစ်ဆက် ပေါ်လာ၏။ |
သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။
သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
အချိန်တန်သော်ယောသပ်နှင့်သူ၏ညီအစ်ကိုများနှင့်တကွ သူတို့၏ခေတ်ကဆွေမျိုးသားချင်းအပေါင်းတို့သည်ကွယ်လွန်ကြကုန်၏။-
ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။
သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။ သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။ အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။-
ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
သူတို့သည်ဘုရားသခင်ကိုသိသည်ဟုဝန်ခံ သော်လည်းသူတို့အကျင့်ကမထောက်ခံ။ သူ တို့သည်မုန်းဖွယ်ကောင်းသူ၊ နားမထောင်သူ၊ ကောင်းမြတ်သည့်အမှုတစ်စုံတစ်ခုကိုမျှ ပြုရန်မသင့်တော်သူများဖြစ်ကြ၏။
ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။
ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-