ဟေရှာယ 5:12 - Common Language Bible12 သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။- အခန်းကိုကြည့်ပါ။Garrad Bible12 သူ တို့၏ ပွဲ သ ဘင် များ တွင်၊ စောင်း၊ တ ယော၊ ပတ် သာ၊ ပြွေ များ နှင့် စ ပျစ် ရည် ပါ ရှိ လျက်၊ ထာ ဝ ရ ဘု ရား၏ အ မှု တော် ကို မ ထောက် မ ထား၊ လက် မှု တော် ကို မ သိ မ မြင် ကြ။ အခန်းကိုကြည့်ပါ။Judson Bible12 သူတို့၏ပွဲ၌ စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည် ပါတတ်၏။ ထာဝရဘုရား၏အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။ အခန်းကိုကြည့်ပါ။ |
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-