မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
သူကြီး 13:6 - Common Language Bible ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။- Garrad Bible ထို မိန်း မ သည် ခင် ပွန်း ထံ သွား ရောက်၍ ဘု ရား သ ခင့် စေ တ မန် တော့် သ ဏ္ဌာန်၊ ကြောက် မက် ဘွယ် ကောင်း သော သ ဏ္ဌာန် ရှိ သူ ဘု ရား သ ခင့် လူ ယုံ တော် တစ် ပါး သည် ကျွန် မ ထံ သို့ ရောက် လာ ပြီး လျှင်၊ ဘယ် က ကြွ လာ သည် ဟု ကျွန် မ မ မေး မိ။ သူ က လည်း အ မည် ကို မ ဖော် မ ပြ ဘဲ မိန့် ဆို သည် မှာ၊ Judson Bible ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတစ်ယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကိုမပြော။ မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။ |
မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ယာကုပ်က``ကိုယ်တော်၏နာမကိုသိပါရစေ'' ဟုလျှောက်လေ၏။ ထိုသူက``သင်သည်ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း'' ဟုမေး၏။ ထိုနောက် ယာကုပ်ကိုကောင်းချီးပေးလေ၏။
မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။
ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။ အမျိုးသမီးက``အို အရှင်၊ ကျွန်မအားလိမ် လည်၍မပြောပါနှင့်။ အရှင်သည်ဘုရားသခင် ၏အစေခံဖြစ်ပါ၏'' ဟုပြန်ပြော၏။
ထိုအမျိုးသမီးကမိမိ၏ခင်ပွန်းအား``ကျွန်မ တို့၏အိမ်သို့မကြာခဏလာရောက်တတ်သူသည် သန့်ရှင်းမြင့်မြတ်သူဧကန်အမှန်ဖြစ်ကြောင်း ကျွန်မသိပါ၏။-
ထိုအရပ်တွင်ထာဝရဘုရား၏ကောင်းကင် တမန်သည်ချုံတစ်ခုအလယ်မှ မီးတောက် လောင်နေသည့်မီးလျှံအသွင်ဖြင့်ထွက်လာ၍ မောရှေအားထင်ရှားပြ၏။ ချုံသည်မီးတောက် နေသော်လည်းလောင်ကျွမ်းခြင်းမရှိကြောင်း မောရှေတွေ့မြင်ရ၏။-
ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
ကောင်းကင်တမန်က``ဒံယေလ၊ ဘုရားသခင် သည် သင့်ကိုချစ်တော်မူ၏။ ထ၍ငါပြောမည့် စကားကိုသေချာစွာနားထောင်လော့။ ကိုယ် တော်သည်ငါ့အားသင့်ထံသို့စေလွှတ်တော် မူပြီ'' ဟုဆို၏။ ဤစကားကိုကြားသော အခါငါသည်တုန်လှုပ်လျက်ပင်မတ်တတ် ရပ်လိုက်၏။
မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-
ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
ဆုတောင်းပတ္ထနာပြုလျက်နေတော်မူစဉ်မျက်နှာ တော်၏အဆင်းအရောင်သည်ထူးခြားလာလျက်၊ အဝတ်တော်သည်ဖြူဖွေးတောက်ပလာ၏။-
တရားလွှတ်တော်တွင်ထိုင်လျက်နေကြသော သူအပေါင်းတို့သည် သတေဖန်ကိုအာရုံစိုက် ၍ကြည့်သောအခါ သူ၏မျက်နှာသည်ကောင်း ကင်တမန်၏မျက်နှာနှင့်တူသည်ကိုတွေ့မြင် ရကြ၏။
ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။-
တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-
သို့ဖြစ်၍သူသည်ချက်ချင်းပြေး၍မိမိ၏ ခင်ပွန်းအား``တစ်နေ့ကကျွန်မထံသို့လာ သူသည်ယခုပြန်လည်ရောက်ရှိနေပါပြီ'' ဟုပြော၏။
မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထို အမျိုးသမီး၏ရှေ့တွင်ပေါ်လာ၍``သင်သည် အဘယ်အခါမျှသားသမီးမရနိုင်ခဲ့ သော်လည်း မကြာမီကိုယ်ဝန်ဆောင်၍သား ယောကျာ်းကိုဖွားမြင်လိမ့်မည်။-
သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
အစေခံက``ဆိုင်းငံ့ပါဦး။ ဤမြို့တွင်သူတော် စင်တစ်ဦးရှိပါ၏။ သူပြောသမျှစကားတို့ သည်အမှန်ပင်ဖြစ်ပျက်လာသဖြင့် သူ့အား လူတို့ရိုသေလေးစားကြပါ၏။ အကျွန်ုပ်တို့ သူ့ထံကိုသွားကြပါစို့။ မြည်းများအား အဘယ်အရပ်တွင်ရှာရမည်ကိုသူသည် အကျွန်ုပ်တို့အားဖော်ပြကောင်းဖော်ပြနိုင် ပါလိမ့်မည်'' ဟုဆို၏။