ကမ္ဘာဦး 32:29 - Common Language Bible29 ယာကုပ်က``ကိုယ်တော်၏နာမကိုသိပါရစေ'' ဟုလျှောက်လေ၏။ ထိုသူက``သင်သည်ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း'' ဟုမေး၏။ ထိုနောက် ယာကုပ်ကိုကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 ယာ ကုပ် က နာ မ တော် ကို ကျွန် တော် အား ဖော် ပြ တော် မူ ပါ ဟု လျှောက် သော် ငါ့ နာ မ ကို အ ဘယ် ကြောင့် မေး သ နည်း ဟု မိန့် ဆို လျက် ထို အ ရပ် တွင် ကောင်း ကြီး ပေး တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဖော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းချီးပေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။-