ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။-
သူကြီး 11:4 - Common Language Bible ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး နှင့် စစ် ပြိုင် ကြ၏။ Judson Bible နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လာကြ၏။ |
ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။-
သူတို့က``ဤတိုက်ပွဲတွင်ငါတို့အားအဘယ် သူဦးဆောင်ပါမည်နည်း။ ဦးဆောင်မည့်သူ သည်ဂိလဒ်ပြည်သားအပေါင်းတို့၏ခေါင်း ဆောင်ဖြစ်လာစေရမည်'' ဟုမိမိတို့၏ ခေါင်းဆောင်များနှင့်အချင်းချင်းဆွေးနွေး တိုင်ပင်ကြ၏။
အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။
ထိုအခါဂိလဒ်ပြည်၏ခေါင်းဆောင်တို့သည် ယေဖသကိုခေါ်ယူရန်တောဘပြည်သို့သွား၍၊-
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။