သူကြီး 10:18 - Common Language Bible18 သူတို့က``ဤတိုက်ပွဲတွင်ငါတို့အားအဘယ် သူဦးဆောင်ပါမည်နည်း။ ဦးဆောင်မည့်သူ သည်ဂိလဒ်ပြည်သားအပေါင်းတို့၏ခေါင်း ဆောင်ဖြစ်လာစေရမည်'' ဟုမိမိတို့၏ ခေါင်းဆောင်များနှင့်အချင်းချင်းဆွေးနွေး တိုင်ပင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ဂိ လဒ် ပြည် အ မတ် မျိုး တို့ က အ ကြင် သူ သည် အ မ္မုန် အ မျိုး သား တို့ ကို ဦး စွာ စစ် ပြိုင် အံ့။ ထို သူ သည် ဂိ လဒ် ပြည် သား အ ပေါင်း တို့ အ ပေါ် တွင် အ ကြီး အ မှူး ဖြစ် စေ ဟု အ ချင်း ချင်း တိုင် ပင် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဂိလဒ်ပြည်သား မင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏အထွတ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဂိလဒ်ပြည်သားအကြီးအကဲတို့က “အမ္မုန်အမျိုးသားတို့ကို မည်သူဦးဆောင်တိုက်ခိုက်မည်နည်း။ ထိုသူကို ဂိလဒ်ပြည်၏ခေါင်းဆောင်ဖြစ်စေမည်”ဟု အချင်းချင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။