ဆူဒန်အမျိုးသားဇေရဆိုသူသည်စစ်သည် တစ်သန်း၊ စစ်ရထားသုံးရာဖြင့်ယုဒပြည် သို့ချင်းနင်းဝင်ရောက်ကာမရေရှမြို့တိုင် အောင်ချီတက်လာလေသည်။-
သူကြီး 10:9 - Common Language Bible အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။ Garrad Bible ၎င်း ပြင် အ မ္မုန် အ မျိုး သား တို့ သည် ယော် ဒန် မြစ် ကို ကူး ပြီး လျှင် ယုဒ၊ ဗင်္ယာ မိန့်၊ ဧ ဖ ရိမ့် အ နွယ် သား တို့ ကို တိုက် ခိုက် သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ပြင်း စွာ ဒု က္ခ ရောက် ကြ ၏။ Judson Bible အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။ |
ဆူဒန်အမျိုးသားဇေရဆိုသူသည်စစ်သည် တစ်သန်း၊ စစ်ရထားသုံးရာဖြင့်ယုဒပြည် သို့ချင်းနင်းဝင်ရောက်ကာမရေရှမြို့တိုင် အောင်ချီတက်လာလေသည်။-
ထိုစဉ်အခါကအတိုင်းတိုင်းအပြည်ပြည် တွင်အေးချမ်းသာယာခြင်းမရှိသဖြင့် အဘယ် သူမျှဘေးမဲ့လုံခြုံစွာခရီးမသွားမလာ နိုင်ကြ။-
သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။
ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။-
သူတို့တိုက်ပွဲဝင်သည့်အခါတိုင်းကိုယ်တော် သည် မိမိမိန့်မြွက်တော်မူခဲ့သည်အတိုင်းသူ တို့အားအရေးနိမ့်စေတော်မူသဖြင့် သူ တို့သည်အတိဒုက္ခရောက်ရကြလေသည်။
မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-
ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။