ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အဖိုးအနည်းငယ်ဖြင့်ရောင်းချတော်မူပါ၏။ မည်သည့်အမြတ်အစွန်းမျှလည်းရရှိတော်မမူပါ။
သူကြီး 10:7 - Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား၍ ဖိ လိ တ္တိ နှင့် အ မ္မုန် အ မျိုး သား တို့ လက် တွင်း သို့ ရောင်း ချ တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌လည်းကောင်း၊ အမ္မုန်အမျိုးသားတို့၌လည်းကောင်း၊ ရောင်းတော်မူသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။ |
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အဖိုးအနည်းငယ်ဖြင့်ရောင်းချတော်မူပါ၏။ မည်သည့်အမြတ်အစွန်းမျှလည်းရရှိတော်မမူပါ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-
သို့ဖြစ်၍ထာဝရဘုရားသည်ဟာဇာမြို့ ၌မင်းပြုသူခါနာန်ဘုရင်ရာဘိန်အား သူတို့ ကိုတိုက်ခိုက်အောင်မြင်စေတော်မူ၏။ ထိုမင်း ၏စစ်သူကြီးမှာလူမျိုးခြားတို့နေရာ၊ ဟာ ရောရှက်မြို့သားသိသရဖြစ်၏။-
ဣသရေလအမျိုးသားတို့သည်တစ်ဖန်ထာဝရ ဘုရားအားပြစ်မှားကြပြန်၏။ သို့ဖြစ်၍ကိုယ် တော်သည်သူတို့ကိုခုနစ်နှစ်တိုင်တိုင် အုပ်စိုးခွင့် ကိုမိဒျန်အမျိုးသားတို့အားပေးတော်မူ၏။-