သူကြီး 13:1 - Common Language Bible1 ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 တစ် ဖန် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့် ဖိ လိ တ္တိ လူ မျိုး လက် တွင်း သို့ အ နှစ် လေး ဆယ် တိုင် တိုင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အနှစ်လေးဆယ်အပ်လိုက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။