ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
ဘု ရင် မင်း တို့ သည်၊ ငါ့ ကြောင့် စိုး စံ ရ လျက်၊ မှူး မတ် တို့ လည်း၊ ဓ မ္မ သတ် ကို စီ မံ ရ ကြ၏။
ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသောအခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသောအခွင့် ရှိကြ၏။
ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရ၍ အုပ်ချုပ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို ပြဋ္ဌာန်းနိုင်ကြ၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။-
ကိုယ်တော်သည်ငါ့အားသားများထွန်းကား စေတော်မူ၍ထိုသားတို့အနက်ရှောလမုန် ကိုထာဝရဘုရား၏နိုင်ငံတည်းဟူသော ဣသရေလပြည်ကိုအုပ်စိုးရန်ရွေးချယ် တော်မူ၏။''
ထို့ကြောင့်ထိုသူတို့ကိုအုပ်စိုးရန်လိုအပ် သည့်ဉာဏ်ပညာနှင့်အသိပညာကိုအကျွန်ုပ် အားပေးတော်မူပါ။ ယင်းသို့ပေးတော်မမူ ပါလျှင်အကျွန်ုပ်သည်ဤမျှများပြားသော ကိုယ်တော်၏လူမျိုးတော်ကြီးကိုအဘယ် သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း'' ဟုတောင်း လျှောက်လေ၏။
ထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။-
အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။ အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။
တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။
ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။-
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။-
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ကိုယ်တော်၏ဝတ်လုံတော်နှင့်ပေါင်တော်တွင်``ဘုရင် တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်'' ဟူသောအမည်နာမတော်ကိုရေးထားလျက် ရှိ၏။
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
ရှောလုကိုရှမွေလတွေ့မြင်ချိန်၌ထာဝရ ဘုရားက``သင့်အားငါဖော်ပြခဲ့သောသူ ကားဤသူပင်ဖြစ်၏။ သူသည်ငါ၏လူမျိုး တော်ကိုအုပ်စိုးရလိမ့်မည်'' ဟုမိန့်တော်မူ၏။-