Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:32 - Common Language Bible

32 သင်​သည်​လူ​အ​သိုင်း​အ​ဝိုင်း​မှ​အ​နှင်​ခံ​ရ ၍​တော​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​နေ​ရ​လတ္တံ့။ ခု​နစ်​နှစ်​တိုင်​တိုင်​နွား​ကဲ့​သို့​မြက်​ကို​စား ရ​လတ္တံ့။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​လော ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ ယင်း တို့​ကို​မိ​မိ​အ​လို​ရှိ​သူ​အား​ပေး​ပိုင် ကြောင်း​ကို​သင်​ဝန်​ခံ​လိမ့်​မည်'' ဟု​ကောင်း ကင်​မှ​အ​သံ​ထွက်​ပေါ်​လာ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 သင့်​ကို လူ​စု​ထဲ​က​နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော​သူ​တို့​အား ပေး​တော်​မူ​သည်​ကို မင်း​ကြီး​မ​သိ​မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား​လျက်​နေ​ရ​မည်​ဟု အ​သံ​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 သင်​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခြင်း​ခံရ​ပြီး တောတိရစ္ဆာန်​တို့​နှင့်အတူ နေထိုင်​ရ​မည်​။ နွား​ကဲ့သို့ မြက်​ကို​စား​ရ​မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သင်​သိမှတ်​သည့်​တိုင်အောင် ခုနစ်​နှစ်​ပတ်လုံး နေထိုင်​ကျော်လွှား​ရ​မည်​”​ဟု ကောင်းကင်​မှ အသံ​တော်​ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:32
22 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​မ​နာ​ရှေ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ သူ့​အား​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​သွား​ရောက်​အုပ်​စိုး​ခွင့် ကို​ပေး​တော်​မူ​၏။ ထို​အ​ခါ​မှ​ထာ​ဝရ​ဘု​ရား သည်​ဘု​ရား​မှန်​ကြောင်း​မ​နာ​ရှေ​သေ​ချာ စွာ​သိ​လေ​၏။


ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။


သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။


ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍ အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။


ကိုယ်​တော်​သည်​ကောင်း​ကင်​နှင့်​ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ ပင်​လယ်​နှင့်​ပင်​လယ်​အောက်​နက်​ရှိုင်း​ရာ အ​ရပ်​တို့​၌​လည်း​ကောင်း အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။


ဖာ​ရော​ဘု​ရင်​က``နက်​ဖြန်​နေ့​တွင်​ဆု​တောင်း ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​ပြော​သည် အ​တိုင်း ဆု​တောင်း​ပေး​ပါ​မည်။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ သော အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကိုယ်​တော် သိ​ပါ​လိမ့်​မည်။-


ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-


ထို​အ​ခါ​မော​ရှေ​က``ကျွန်ုပ်​သည်​မြို့​ပြင်​သို့ ရောက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လက်​များ ကို​မြှောက်​၍​ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​တော် မူ​ကြောင်း ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ​မိုး​ကြိုး သံ​နှင့်​မိုး​သီး​မိုး​ရပ်​စဲ​လိမ့်​မည်။-


အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​ကိုယ်​တော်​ရှင်​တစ်​ပါး တည်း​သာ​လျှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပါ လိမ့်​မည်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။ သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။ ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။


လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။


မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင် သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။


ငါ​သည်​မိ​မိ​၏​ကြီး​မား​သော​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​များ၊ တိ ရစ္ဆာန်​များ​နှင့်​တ​ကွ​ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မူ​ခဲ့​သည်​ဖြစ်​၍ ထို​ကမ္ဘာ​လော​က ကို​မိ​မိ​၏​ဆ​န္ဒ​အ​လျောက်​အ​ဘယ်​သူ့​အား မ​ဆို​ပေး​အပ်​နိုင်​ပေ​သည်။-


ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။


ဤ​သို့​မြွက်​ဆို​၍​စ​ကား​မ​ဆုံး​မီ​ပင်​လျှင်``အို နေ​ဗု​ခဒ်​နေ​ဇာ​မင်း၊ ငါ​ပြော​သည်​ကို​နား ထောင်​လော့။ သင့်​နိုင်​ငံ​ကို​သင်​၏​လက်​မှ ယ​ခု​ရုပ်​သိမ်း​လိုက်​လေ​ပြီ။-


သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-


ဤ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကြောင့်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ၏​တန်​ခိုး​တော်​ကြီး​မား​ပုံ​ကို​သိ​မြင်​ကြ လိမ့်​မည်။ သင်​တို့​သည်​လည်း​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်'' ဟု​ဆို​လေ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ