ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
သုတ္တံကျမ်း။ 6:32 - Common Language Bible သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ Garrad Bible သူ့ မ ယား နှင့် မှား ယွင်း သူ သည်၊ ဉာဏ် မ ရှိ။ ကိုယ့် အ သက် ကို ဖျက် ဆီး လို သော သူ သာ လျှင်၊ ထို သို့ ပြု တတ်၏။ Judson Bible သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။ |
ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။
ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
သူတို့သည်အစာဝ၍ရာဂထန်သည့် မြင်းဆိုးများကဲ့သို့ဟီလျက်အိမ်နီးချင်းတို့၏ဇနီးများကိုတပ်မက်ကြ၏။
သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။-
ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။