ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။
ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။
ဉာဏ်ပညာသည် အထွတ်အမြတ်ဖြစ်၏။ ဉာဏ်ပညာကိုဆည်းပူးလော့။ သင်ပိုင်ဆိုင်သောအရာရှိသမျှဖြင့် အသိဉာဏ်ကိုဆည်းပူးလော့။
ထို့ကြောင့်ထိုသူတို့ကိုအုပ်စိုးရန်လိုအပ် သည့်ဉာဏ်ပညာနှင့်အသိပညာကိုအကျွန်ုပ် အားပေးတော်မူပါ။ ယင်းသို့ပေးတော်မမူ ပါလျှင်အကျွန်ုပ်သည်ဤမျှများပြားသော ကိုယ်တော်၏လူမျိုးတော်ကြီးကိုအဘယ် သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း'' ဟုတောင်း လျှောက်လေ၏။
ကွန်တော်မျိုးသည်ပညတ်တော်မားမှ ဉာဏ်ပညာကိုရရှိသဖြင့်အကင့်ဆိုး ဟူသမှကိုမုန်းပါ၏။
ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။
သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-