သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
မိန်း မ တို့ အား၊ သင့် အင် အား ကိုလည်း ကောင်း၊ ဘု ရင် မင်း တို့ ကို ဖျက် ဆီး တတ် သော သူ တို့ အား၊ အ မှု အ ရေး များ ကိုလည်း ကောင်း၊ မ အပ် နှင့်။
သင်၏အစွမ်းသတ္တိကို မိန်းမတို့အား မပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့်အကြံ အပြုအမူတို့ကို မအပ်နှင့်။
သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
ရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။-
ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။-
ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။-
ဘုရင်သည်မယားများစွာရှိလျှင် ထာဝရ ဘုရားကိုစွန့်သွားနိုင်သဖြင့် သူ၌မယား များစွာမရှိစေရ။ ရွှေ၊ ငွေလည်းများစွာ မရှိစေရ။-