သုတ္တံကျမ်း။ 31:2 - Common Language Bible ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊ Garrad Bible ငါ့ သား၊ မည် သို့ နည်း။ ငါ့ ရင် သွေး၊ မည် သို့ နည်း။ ငါ သ စ္စာ ဆို၍ ဖွား ရ သော သား၊ မည် သို့ နည်း။ Judson Bible ငါ့သားအဘယ်သို့နည်း။ ငါဖွားသောသား၊ အဘယ်သို့နည်း။ ငါ၏သစ္စာကတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊ မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ငါမည်သို့ပြောရမည်နည်း။ ငါ့ဝမ်းမှဖွားသောသား၊ ငါမည်သို့ပြောရမည်နည်း။ ငါ၏ကတိသစ္စာနှင့်ဆိုင်သောသား၊ ငါမည်သို့ပြောရမည်နည်း။ |
ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
သို့ဖြစ်၍ကျွန်မသည်သူ့ကိုထာဝရဘုရား အား ဆက်ကပ်အပ်နှင်းပါ၏။ သူအသက်ရှင် သမျှကာလပတ်လုံးထာဝရဘုရား အားအပ်နှင်းပါ၏'' ဟုလျှောက်ထား၏။ ထိုနောက်သူတို့သည်ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြ၏။