သုတ္တံကျမ်း။ 31:13 - Common Language Bible သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။ Garrad Bible သိုး မွေး နှင့် ဝါ ကို ရှာ၍၊ လက် ဖြင့် စိတ် တိုင်း ကျ လုပ် တတ်၏။ Judson Bible သိုးမွေးနှင့် ဝါကိုရှာ၍၊ မိမိလက်နှင့် အလိုအလျောက်လုပ်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် သိုးမွေးနှင့်ဗီသွာလျှော်ကိုရှာပြီးလျှင် မိမိ၏လက်ဖြင့် စိတ်ပါလက်ပါလုပ်ဆောင်တတ်၏။ |
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။-
ဣန္ဒြေစောင့်စည်းမှု၊ ဖြူစင်မှု၊ အိမ်ရှင်မကောင်း ပီသမှုနှင့်ခင်ပွန်းသည်၏စကားကိုနား ထောင်မှုတို့ကိုလေ့ကျင့်သင်ကြားပေးနိုင်မည်။ ဤနည်းအားဖြင့်ဘုရားသခင်၏တရား တော်ကိုပုတ်ခတ်ပြောဆိုသူရှိမည်မဟုတ် ပေ။
သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။