ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
သုတ္တံကျမ်း။ 29:6 - Common Language Bible အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။ Garrad Bible ဆိုး သွမ်း သူ၏ လွန် ကျူး မှု တွင်၊ ကျော့ ကွင်း သ ဖွယ် ရှိ၏။ ဖြောင့် မတ် သော သူ မူ ကား၊ ရွှင် လန်း စွာ ကြွေး ကြော် လိမ့် မည်။ Judson Bible အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်းဆိုတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုပြုသောသူသည် အပြစ်ကျူးလွန်ခြင်းထဲ၌ ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ရွှင်လန်းစွာသီချင်းဆိုလျက် ဝမ်းမြောက်တတ်၏။ |
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့် အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည် အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည် မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။ မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။
သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။
ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
ထိုအခါသူတို့သည်အမြင်မှန်ရရှိလာပြီးလျှင် မာရ်နတ်၏ကျော့ကွင်းမှလွတ်မြောက်ကြလိမ့်မည်။ မာရ်နတ်သည်မိမိအလိုအတိုင်းလိုက်နာစေရန် သူတို့အားဖမ်းဆီးထားခဲ့ပေသည်။
ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။-
သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
ငါတို့သည်ရွှင်လန်းဝမ်းမြောက်မှုကိုအပြည့် အဝခံစားနိုင်ကြစေရန် ဤအကြောင်း အရာများကိုစာရေးလိုက်သည်။
ထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊-