Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 20:41 - Common Language Bible

41 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 ဣ သ ရေ လ သူ ရဲ တို့ လည်း လှန်၍ တိုက် သ ဖြင့် ဘေး သင့် ကြောင်း ကို ဗင်္ယာ မိန့် သူ ရဲ တို့ သိ မြင် လျှင် ကြောက် ရွံ့၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ဣ​သ​ရေ​လ​လူ​တို့​သည် လှည့်၍​ပြန်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ဘေး​ရောက်​ကြောင်း​ကို သိ​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 အစ္စရေး​စစ်တပ်​လည်း ပြန်လှည့်​လာ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း အဖြစ်ဆိုး​နှင့်​ကြုံ​ရ​တော့​မည်​ကို သိ​၍​ထိတ်လန့်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 20:41
14 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။


ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။


အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။


အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။


အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-


လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-


``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-


အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-


သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ