သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
သုတ္တံကျမ်း။ 29:23 - Common Language Bible မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။ Garrad Bible မာန် မာ န သည်၊ ကိုယ် ကို နိမ့် ကျ စေ လိမ့် မည်။ စိတ် နှိမ့် ချ သော သူ မူ ကား၊ ဂုဏ် အ သ ရေ ကို ရ လိမ့် မည်။ Judson Bible မိမိမာနသည် မိမိကို နှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။ |
သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
မိမိကိုယ်ကိုချီးမြှောက်သူသည်နိမ့်ကျရလိမ့် မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ကိုခံရလိမ့်မည်။
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-