ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
သုတ္တံကျမ်း။ 29:18 - Common Language Bible ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။ Garrad Bible ဗျာ ဒိတ် တော် မ ရှိ လျှင်၊ ပြည် သူ ပြည် သား တို့ ဖ ရို ဖ ရဲ ဖြစ် တတ် ကြ၏။ တ ရား ကို စောင့် ရှောက် သော သူ မူ ကား၊ မင်္ဂ လာ ရှိ၏။ Judson Bible ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။ |
ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
ထာဝရဘုရား၏တရားတော်ကိုလိုက်လှောက် လက် အပြစ်ဆိုဖွယ်မရှိအောင်သက်ရှင်လှုပ်ရှား သူတို့သည်မင်္ဂလာရှိကြ၏။
သွန်သင်တော်မူခက်တို့ကိုလိုက်နာ၍ ကိုယ်တော်၏စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့ ခံယူသူတို့သည်မင်္ဂလာရှိကြ၏။
ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
ကျွန်တော်မျိုးတို့၏ဘာသာတရားဆိုင်ရာ အမှတ်အသားများအားလုံးပင်မရှိတော့ပါ။ ပရောဖက်များလည်းမရှိတော့ပါ။ အဘယ်မျှကြာအောင်ဤသို့ဖြစ်နေမည်ကို အဘယ်သူမျှမသိပါ။
ဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။-
ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား၊ အသေခံရ၏။
စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
လူပရိသတ်တို့သည်သိုးထိန်းမဲ့သည့်သိုးများ ကဲ့သို့အားကိုးစရာမရှိ၊ ပူပင်သောကရောက် လျက်နေကြသည်ကိုမြင်တော်မူလျှင်သူတို့အား သနားကြင်နာတော်မူ၏။-
သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
သူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။-