ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
နွမ်း ပါး သော လူ မျိုး ကို အုပ် စိုး သော ပါ ပ မင်း သည်၊ ဟောက် သော ခြင်္သေ့၊ လှည့် လည် ရှာ ဖွေ သော ဝံ နှင့် တူ ၏။
ဆင်းရဲသားတို့ကိုအုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့် တူ၏။
ဆင်းရဲသောပြည်သူပြည်သားတို့ကို အုပ်စိုးသည့်ဆိုးယုတ်သောမင်းသည် ဟောက်သောခြင်္သေ့၊ သို့မဟုတ် တစ်ဟုန်ထိုးတိုက်ခိုက်သောဝက်ဝံနှင့်တူ၏။
မေနဟင်သည်တိရဇမြို့မှချီတက်လာစဉ် လမ်းခရီးတွင်တိဖသမြို့သားတို့သည် မိမိ အားအညံ့မခံကြသောကြောင့် ထိုမြို့နှင့် တကွပတ်ဝန်းကျင်နယ်မြေများကိုလုံးဝ ဖျက်ဆီးလေ၏။ သူသည်ကိုယ်ဝန်ဆောင်အမျိုး သမီးတို့၏ဝမ်းကိုပင်ခွဲ၍သတ်လေသည်။
ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။
မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။
ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
ပြည်သူတို့အားအမျက်ဒေါသနှင့်ဖိနှိပ်ချုပ် ချယ်ကာ၊ မိမိနှိမ်နင်းအောင်မြင်သည့်လူမျိုး တို့အားလည်း အဆက်မပြတ်ညှင်းဆဲနှိပ် စက်တတ်သူမင်းဆိုးမင်းညစ်များ၏တန်ခိုး အာဏာကိုထာဝရဘုရားပျက်သုဉ်းစေ တော်မူပြီ။-
သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။
ဣသရေလအမျိုးသားတို့သည်ညှင်းဆဲ နှိပ်စက်ခြင်းခံနေရကြ၏။ သူတို့သည် အကူအညီမပေးနိုင်သူရုပ်တုတို့ထံ မှ အကူအညီတောင်းခံရန်ဆန္ဒပြင်းပြ နေသည်။-
ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။-
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-