ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။-
သုတ္တံကျမ်း။ 28:12 - Common Language Bible ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။ Garrad Bible သူ တော် ကောင်း တို့ အောင် မြင် ရာ ကာ လ၌၊ ပြည် သူ ပြည် သား တို့ သည် ဘုန်း ကြီး လိမ့် မည်။ လူ ဆိုး တို့ ထွန်း ကား လျက် ရှိ သော ကာ လ ၌ ကား၊ ပုန်း ရှောင် ရ ကြ၏။ Judson Bible ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သောအခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်းရှောင်၍ နေတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။ |
ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။-
ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
ထိုအခါမှူးမတ်များက``သင်နှင့်ယေရမိ သည်ထွက်ပြေးပုန်းရှောင်နေရကြပေမည်။ သင်တို့ရှိရာကိုအဘယ်သူမျှမသိစေ နှင့်'' ဟုဗာရုတ်အားပြောကြားကြ၏။
ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-