မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
မ စ္ဆေ ရ မျက် စိ ရှိ သူ၏ အ စာ ကို မ စား နှင့်။ ခဲ ဖွယ် ဘော ဇဉ် ကို လည်း မ တပ် မက် နှင့်။
မနာလိုသောသူ၏ အစာကို မစားနှင့်။ သူ၏ခဲဖွယ်စားဖွယ်ကို အလိုမရှိနှင့်။
စေးနှဲသောသူ၏အစားအစာကိုမစားနှင့်။ သူ၏စားကောင်းသောက်ဖွယ်များကိုလည်း မတောင့်တနှင့်။
မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူ ယုတ်မာမှုများကိုသော်လည်းကောင်း ပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။
သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း-
အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။-
ယဉ်ကျေးသိမ်မွေ့၍ဥစ္စာပစ္စည်းကြွယ်ဝသဖြင့် မြေကိုခြေနှင့်မနင်းဘူးသောအမျိုးသမီး သည်ပင် မြို့ကိုရန်သူများဝိုင်း၍အစားအစာ ပြတ်လပ်သောအခါ မိမိမွေးစကလေး၏ အသားနှင့်အချင်းကိုလျှို့ဝှက်စွာစားကြ လိမ့်မည်။ ထိုကလေး၏အသားနှင့်အချင်း ကို မိမိချစ်သောခင်ပွန်းနှင့်သားသမီး တို့အားဝေမျှ၍စားမည်မဟုတ်၊