ထိုည၌သူတို့သည်ဖခင်အားစပျစ်ရည်တိုက်၍ သမီးအကြီးသည်ဖခင်နှင့်အိပ်လေ၏။ ဖခင်သည်မူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။
သုတ္တံကျမ်း။ 23:29 - Common Language Bible အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊ Garrad Bible အ မိ အ မယ် ဟူ၍ ခေါ် ရ ခြင်း၊ ရန် တွေ့ ခြင်း၊ မြည် တမ်း ခြင်း၊ အ ကြောင်း မဲ့ ထိ ရှ ခြင်း၊ မျက် စိ နီ ခြင်း များ ကို ရ သူ တို့ ကား၊ Judson Bible အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် အမင်္ဂလာရှိသနည်း။ မည်သူသည် စိတ်ပျက်ဝမ်းနည်းတတ်သနည်း။ မည်သူသည် ငြင်းခုံရန်တွေ့တတ်သနည်း။ မည်သူသည် ညည်းတွားတတ်သနည်း။ မည်သူသည် အကြောင်းမဲ့ဒဏ်ရာများရတတ်သနည်း။ မည်သူသည် မျက်စိနီရဲနေတတ်သနည်း။ |
ထိုည၌သူတို့သည်ဖခင်အားစပျစ်ရည်တိုက်၍ သမီးအကြီးသည်ဖခင်နှင့်အိပ်လေ၏။ ဖခင်သည်မူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။
စပျစ်ရည်ကြောင့်သူ၏မျက်လုံးများသည် နီရဲနေ၏။ နို့သောက်၍သူ၏သွားများသည်ဖြူဖွေးနေ၏။
ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ အချင်းအရက် ပုလင်းသူရဲကောင်းတို့၊ သင်တို့သည်အရက် ရောစပ်မှုတွင်သတ္တိကောင်း၍ကြောက်စိတ်ကင်း ကြပါသည်တကား။-
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-