ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
သူ တော် ကောင်း၏ အ ဘ သည်၊ အား ရ ဝမ်း မြောက် လိမ့် မည်။ ပ ညာ ရှိ သော သား ကို ရ သော သူ လည်း၊ ရွှင် လန်း ရ လိမ့် မည်။
ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ရွှင်လန်းလိမ့်မည်။ ပညာရှိသောသားကိုရသောသူသည်လည်း ထိုသားအတွက် ဝမ်းမြောက်လိမ့်မည်။
`ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။
ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။