ထာဝရဘုရားသည် ဖိစီးနှိပ်စက်ခြင်းခံရသူတို့ဘက်မှနေ၍ တရားစီရင်တော်မူသဖြင့် သူတို့၏ရပိုင်ခွင့်များကိုပေးတော်မူ၏။
သုတ္တံကျမ်း။ 22:23 - Common Language Bible အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ ၎င်း တို့ ဘက်၌ တ ရား ဆုံး ဖြတ် လျက်၊ လု ယက် သူ တို့၏ အ သက် ကို ရုပ် သိမ်း တော် မူ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသောသူတို့၏အသက်ကို လုယူတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။ |
ထာဝရဘုရားသည် ဖိစီးနှိပ်စက်ခြင်းခံရသူတို့ဘက်မှနေ၍ တရားစီရင်တော်မူသဖြင့် သူတို့၏ရပိုင်ခွင့်များကိုပေးတော်မူ၏။
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
သူတော်ကောင်းတို့သည်ကိုယ်တော်ရှင်အား အမှန်ပင် ထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် နေရကြပါလိမ့်မည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်း ကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟု ထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
သန့်ရှင်းမြင့်မြတ်သည့်ဗိမာန်တော်တွင် ကိန်းဝပ်တော်မူသောဘုရားသခင်သည် မိဘမဲ့သူများကိုစောင့်ရှောက်၍မုဆိုးမ များကို ကာကွယ်တော်မူ၏။
သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။
မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
ငါတို့၏ရန်သူများသည်အမင်္ဂလာရှိကြ ၏။ မိမိတို့အားအဘယ်သူမျှတိုက်ခိုက်လု ယက်မှုကိုမပြု၊ သစ္စာလည်းမဖောက်ကြသော် လည်းသူတို့ကလုယက်တိုက်ခိုက်ကာသစ္စာ ဖောက်ကြ၏။ သို့ရာတွင်သူတို့လုယက်တိုက် ခိုက်၍သစ္စာဖောက်ရန်အချိန်ကာလကုန်ဆုံး ချိန်ကျရောက်လာလိမ့်မည်။ ထိုအခါသူတို့ သည်လုယက်တိုက်ခိုက်ခြင်းနှင့်သစ္စာဖောက် ခြင်းကိုခံရကြလိမ့်မည်။
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
ငါတို့သည်အပြစ်ကူးလွန်ခဲ့သောကြောင့် အခိုက်အတန့်အားဖြင့် ထာဝရဘုရား ၏အမျက်တော်ဒဏ်ကိုခံရကြမည်။ သို့ ရာတွင်နောက်ဆုံး၌ကိုယ်တော်သည် ငါတို့ အမှုကိုလျှောက်လဲ၍တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ကိုယ်တော် သည်ငါတို့အားအလင်းထဲသို့ထုတ်ဆောင် တော်မူလိမ့်မည်။ ငါတို့အားကိုယ်တော် ကယ်တင်တော်မူခြင်းကိုငါတို့ဒိဌ မြင်ရလိမ့်မည်။-
သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့% ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက်% မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့% ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း% ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ% ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့% အားတိုက်ခိုက်လုယက်ကြလိမ့်မည်။ %
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။-
အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။
ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-