ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
သုတ္တံကျမ်း။ 22:22 - Common Language Bible ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။ Garrad Bible နွမ်း ပါး သည် ကို ထောက်၍၊ နွမ်း ပါး သူ့ အား မ လု မ ယက်၊ တ ရား ခွင် တွင် လည်း၊ ဆင်း ရဲ သူ့ အား မ နှိပ် စက် ရာ။ Judson Bible ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသောသူကို ဆင်းရဲသည်ဆို၍ ခေါင်းပုံမဖြတ်နှင့်။ အဖိနှိပ်ခံရသောသူကိုလည်း မြို့တံခါး၌ မညှဉ်းဆဲနှင့်။ |
ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
အမှုစစ်ဆေးရာ၌ဆင်းရဲသည့်အကြောင်းကို ထောက်၍ ဆင်းရဲသားဘက်မှမတရားသက်သေ မခံနှင့်။
``ဆင်းရဲသောသူသည်ရုံး၌တရားဆိုင်ရ သောအခါ သူ့အားတရားသဖြင့်စီရင်လော့။-
မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။
မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ထိုကျွန်သည်သင်တို့၏မြို့များအနက် သူနေ ထိုင်လိုသည့်မြို့၌နေခွင့်ပြုရမည်။ သင်သည် သူ့ကိုမညှင်းဆဲမနှိပ်စက်ရ။