Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 31:16 - Common Language Bible

16 ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16-18 ငါ ငယ် ရွယ် စဉ် က၊ ငါ့ ကို အ ဖ သ ဖွယ် ထင် မှတ်၍ ကြီး ပွား နွမ်း ပါး သူ့ ကို၊ နှစ် သက် ရာ မှ ချုပ် ချယ် ခြင်း၊ အ မိ ဝမ်း မှ စ၍ ငါ လမ်း ပြ ရ သူ တို့ ဖြစ် သော မု ဆိုး မ ကို၊ မျက် စိ အား ကုန် ခြင်း ပြု လျက်၊ ဖ သက် ဆိုး တို့ အား မ ဝေ ငှ ဘဲ၊ ဘော ဇဉ် ကို ငါ တစ် ယောက် တည်း စား ခဲ့ လျှင်လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငါ​သည် ဆင်း​ရဲ​သား​တောင့်​တ​သော​အ​ရာ​ကို မ​ပေး​ဘဲ​နေ​ဖူး​သ​လော။ မု​ဆိုး​မ​မျက်​စိ​ကို ပျက်​စေ​ခြင်း​ငှာ ပြု​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​သည် ဆင်းရဲသား​တို့ တောင်းဆို​သည်​ကို မဖြည့်ဆည်း​ပေး​ဘဲ မုဆိုးမ​မျက်နှာ​ကို​လည်း ညှိုးငယ်​စေ​ခဲ့​ဖူး​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 31:16
23 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊


ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။


သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။


ကိုယ်​တော်​၏​ကူ​မ​တော်​မူ​ခြင်း"က​တိ​ထား​တော် မူ​သော ကယ်​နုတ်​ခြင်း​ကို​စောင့်​မှော်​ရ​သည်​မှာ ကွန်​တော်​မျိုး​၏​မက်​စိ​ညောင်း​ညာ​လက်​နေ​ပါ​၏။


``ကွန်​တော်​မျိုး​အား​အ​ဘယ်​သော​အ​ခါ​၌ ကူ​မ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လှောက်​ကာ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည်​ကို စောင့်​မှော်​နေ​ရ​သည်​မှာ​ကွန်​တော်​မျိုး​၏ မက်​စိ​မား​သည်​ညောင်း​ညာ​လက်​နေ​ပါ​၏။


ကူ​မ​တော်​မူ​ရန်​အော်​ဟစ်​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​နာ​လျက်​နေ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​ရန် မျှော်​ကြည့်​ရ​ဖန်​များ​သ​ဖြင့်​မျက်​စိ​များ​သည် ညောင်း​လျက်​နေ​ပါ​ပြီ။


မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-


ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။


ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။


ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဆင်း​ရဲ​သူ​တို့ အား မိ​မိ​တို့​ရ​ပိုင်​ခွင့်​များ​ကို​မ​ရ​ရှိ​ကြ စေ​ရန်၊ တ​ရား​သ​ဖြင့်​သင်​တို့​သည်​စီ​ရင် ဆုံး​ဖြတ်​မှု​များ​ကို​မ​ခံ​ရကြ​စေ​ရန်​ပြု ကြ​၏။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​သိမ်း​ယူ​ကြ​၏။-


ငါ​၏​အ​သံ​သည်​တုန်​တုန်​ချိ​ချိ​ဖြစ်​၍ နေ​ပါ​၏။ ငါ​သည်​ချိုး​ကဲ့​သို့​ညည်း​ညူ​ပါ​၏။ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ရ​ဖန်​များ သ​ဖြင့် ငါ​၏​မျက်​စိ​များ​သည်​ညောင်း​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​ဤ​ဒုက္ခ​အ​ပေါင်း​မှ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။


ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့် နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။


သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-


သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။-


(``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'')


ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-


သူ​သည်​သူ​ဌေး​၏​စား​ပွဲ​မှ​ကျ​သည့်​စား​နုပ် စား​ပေါက်​များ​ကို​စား​ရ​ရန်​တောင့်​တ​နေ​တတ်​၏။-


တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-


ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။


သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-


ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ