ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ည"န်ကြားခက်တို့ကိုတစ်သဝေမတိမ်း လိုက်နာရန် ဆန္ဒပြင်းပြပါ၏။
သုတ္တံကျမ်း။ 21:29 - Common Language Bible မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။ Garrad Bible လူ ဆိုး သည်၊ မျက် နှာ ပြောင် တိုက် တတ်၏။ သူ တော် ကောင်း မူ ကား၊ ကိုယ် အ လေ့ အ လာ ကို ဆင် ခြင် ပိုင်း ခြား တတ်၏။ Judson Bible မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာစေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်းကို ပြင်ဆင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် မျက်နှာပြောင်တိုက်တတ်၏။ ဖြောင့်မှန်သောသူမူကား မိမိသွားရာလမ်းကို သိရှိနားလည်၏။ |
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ည"န်ကြားခက်တို့ကိုတစ်သဝေမတိမ်း လိုက်နာရန် ဆန္ဒပြင်းပြပါ၏။
ကွန်တော်မျိုးသည်မိမိ၏နေထိုင်ပုံကို ပြန်လည်ဆင်ခြင်သုံးသပ်ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော ဆုံးမသွန်သင်ခက်မားအတိုင်းလိုက်နာရန် ကတိပြုပါ၏။
ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။-
အဘယ်ကြောင့်ဤသို့ဖြစ်ပျက်ရသည်ကို သင်တို့မသိမမြင်နိုင်ကြပါသလော။-''
ထာဝရဘုရားကသင်တို့သည်မိမိတို့ ကြုံတွေ့ရသည့်အဖြစ်အပျက်ကိုမသိ မမြင်ကြပါသလော။ ဗိမာန်တော်ကိုပြန် လည်မတည်မဆောက်မီအခါက၊-
ငါတို့၏အဖဘုရားသခင်နှင့်ငါတို့၏ အရှင်သခင်ယေရှုသည် သင်တို့ထံသို့ငါ တို့လာရောက်နိုင်ကြစေရန်လမ်းဖွင့်ပေး တော်မူပါစေသော။-