ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
သုတ္တံကျမ်း။ 21:10 - Common Language Bible မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။ Garrad Bible လူ ဆိုး သည် အ ဆိုး ကို စွဲ လမ်း သော စိတ် ရှိ သည် ဖြစ်၍၊ အ ပေါင်း အ ဖော် အား၊ ကျေး ဇူး မ ပြု လို။ Judson Bible မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သောအလိုမရှိ။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူ၏စိတ်ဝိညာဉ်သည် မကောင်းမှုကို တောင့်တတတ်၏။ သူ၏အိမ်နီးချင်းသည် သူ့မျက်ဝန်း၌ သနားတတ်သောသဘောကိုရှာမတွေ့။ |
ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။ သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။ သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။
မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။
ဤသာဋ္ဌကကားဆိုးညစ်မှုများကိုထိုသူတို့ ပြုလုပ်လိုသကဲ့သို့ ငါတို့မပြုလုပ်ကြစေရန် လည်းကောင်း၊ ကျမ်းစာတော်တွင် ``လူတို့သည်ထိုင် ၍စားသောက်ကြပြီးနောက်အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏'' ဟုပါရှိသည်နှင့် အညီ၊ အချို့တို့သည်ရုပ်တုကိုပူဇော်ပသ ကြသကဲ့သို့ ငါတို့မပူဇော်မပသကြ စေရန်လည်းကောင်းသတိပေးခြင်းပင်ဖြစ်၏။-
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။
ကာယတပ်မက်စွဲလန်းသောအရာများ၊ မျက်စိ ဖြင့်မြင်၍လိုချင်တပ်မက်သောအရာများ၊ ဂုဏ် ယူဝါကြွားစရာများအစရှိသောလောကီ အရာရှိသမျှတို့သည်ခမည်းတော်နှင့် မသက်ဆိုင်။ လောကနှင့်သာသက်ဆိုင်၏။-