၁ ကော 10:6 - Common Language Bible6-7 ဤသာဋ္ဌကကားဆိုးညစ်မှုများကိုထိုသူတို့ ပြုလုပ်လိုသကဲ့သို့ ငါတို့မပြုလုပ်ကြစေရန် လည်းကောင်း၊ ကျမ်းစာတော်တွင် ``လူတို့သည်ထိုင် ၍စားသောက်ကြပြီးနောက်အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏'' ဟုပါရှိသည်နှင့် အညီ၊ အချို့တို့သည်ရုပ်တုကိုပူဇော်ပသ ကြသကဲ့သို့ ငါတို့မပူဇော်မပသကြ စေရန်လည်းကောင်းသတိပေးခြင်းပင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ထို အ ဖြစ် အ ပျက် များ ကား အ ဆိုး ကို သူ တို့ တပ် မက် သ ကဲ့ သို့ ငါ တို့ မ တပ် မက် ကြ စေ ရန် ငါ တို့ အ ဖို့ ပုံ စံ ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ဤအကြောင်းအရာများမှာ ကျွန်ုပ်တို့သည် သူတို့ကဲ့သို့ မကောင်းသောအရာများကို မတပ်မက်ကြစေရန် ကျွန်ုပ်တို့အတွက် သင်ခန်းစာများဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သေခြင်းတရားသည်အာဒံ၏လက် ထက်မှစ၍မောရှေ၏လက်ထက်တိုင်အောင် လူ အပေါင်းတို့အားစိုးမိုးခဲ့၏။ အာဒံကဲ့သို့ ဘုရားသခင်၏အမိန့်တော်ကိုဖီဆန်ခြင်းဖြင့် အပြစ်မကူးခဲ့သူတို့ကိုပင်သေခြင်းတရား ကစိုးမိုးခဲ့ပေသည်။ အာဒံသည်နောင်အခါပေါ်ထွန်းလတ္တံ့သော အရှင်၏ပုံကိုဆောင်ပေသည်။-
ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။