အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
သုတ္တံကျမ်း။ 20:25 - Common Language Bible ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။ Garrad Bible သီး သန့် ထား ပြီ ဟု နှုတ် ပေါ့ လွန်း လျက်၊ သ စ္စာ ထား မှ ဆင် ခြင် သော သ ဘော သည်၊ ညွှတ် ကွင်း သ ဖွယ် ဖြစ်၏။ Judson Bible ဘုရားအမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍ ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။ |
အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။
တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
``ထို့အပြင်`သင်သည်သစ္စာကတိကိုမဖျက်ရ။ ဘုရားသခင်၏ရှေ့တော်တွင်သင်ထားရှိသည့် သစ္စာကတိအတိုင်းဆောင်ရွက်ရမည်' ဟူသော ပညတ်ကိုသင်တို့ကြားသိရလေပြီ။-
သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
``သင်တို့သည်ဣသရေလအမျိုးသားချင်း တစ်ဦး၏စပျစ်ဥယျာဉ်ထဲရှိ လမ်းအတိုင်း ဖြတ်သန်းသွားသည့်အခါ စပျစ်သီးများကို လိုသလောက်ဆွတ်ခူးစားနိုင်သော်လည်း အပိုမယူသွားရ။-
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။