ဝတ်ပြု 5:15 - Common Language Bible15 တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible15 လူ တစ် ဦး သည် ထာ ဝ ရ ဘု ရား ပိုင် ရာ တော် နှင့် စပ် လျဉ်း၍ မ တော် တ ဆ လွန် ကျူး ပြစ် မှား မိ လျှင် ကျပ် ချိန် တော် အ လိုက် သင် ပြတ် သော တန် ဖိုး အ တိုင်း ကြန် အင် စုံ သော သိုး ထီး ကို ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ အုပ် မှ ဆောင် သွင်း သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible15 တစ်စုံတစ်ယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကိုလည်းကောင်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကိုလည်းကောင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 “တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏သန့်ရှင်းသောအရာတစ်စုံတစ်ခုအပေါ် မရည်ရွယ်ဘဲပြစ်မှားခြင်းဖြင့် မှားယွင်းမှုကိုပြုမိလျှင် သူသည် အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်သောငွေရှယ်ကယ်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံယူဆောင်လာရမည်။ အခန်းကိုကြည့်ပါ။ |
ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။ -အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ် -အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ် -အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ် -အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ် -အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ် -အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။
သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။-
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-
ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။