သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
သုတ္တံကျမ်း။ 16:21 - Common Language Bible လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။ Garrad Bible ပ ညာ ရှိ သူ့ ကို၊ ဉာဏ့် ရှင် ဟု ခေါ် ဝေါ် ကြ လိမ့် မည်။ ချို သော နှုတ် စ ကား အား ဖြင့် လည်း၊ သွန် သင် ခွင့် တိုး ပွား လိမ့် မည်။ Judson Bible လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကို တိုးပွားစေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း စိတ်နှလုံး၌ပညာရှိသောသူသည် အသိဉာဏ်ရှိသောသူဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။ နှစ်လိုဖွယ်စကားတို့သည် ပညာကိုတိုးပွားစေတတ်၏။ |
သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။ မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။ သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။
ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။
မောပန်းနွမ်းနယ်သူအား၊အားအင်ဖြည့်တင်းပေး နိုင်ရန် အဘယ်သို့ပြောဆိုရမည်ကို ငါ့အားထာဝရအရှင်ဘုရားသခင် သွန်သင်ပေးတော်မူလေပြီ။ မိမိသွန်သင်တော်မူမည့်အရာကိုနားထောင်ရန် ကိုယ်တော်သည်ငါ့အားနံနက်တိုင်းစိတ်စောလျက် နေစေတော်မူ၏။
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။
အစောင့်တပ်သားများက ``ဤသူဟောပြော သကဲ့သို့မည်သူမျှမဟောစဖူးပါ'' ဟု ဆိုကြ၏။
သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-