သုတ္တံကျမ်း။ 14:3 - Common Language Bible မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ Garrad Bible လူ မိုက်၏ နှုတ် တွင်၊ မာ န အ ညှောက် ပေါက် လျက် ရှိ၏။ ပ ညာ ရှိ တို့ နှုတ် ခမ်း မူ ကား၊ ကိုယ် ကို စောင့် ရှောက် တတ်၏။ Judson Bible မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးမိုက်သောသူ၏နှုတ်တွင် မာန်မာနအတက်ပေါက်လျက်ရှိ၏။ ပညာရှိသောသူတို့၏နှုတ်ခမ်းမူကား သူတို့ကိုစောင့်ရှောက်လိမ့်မည်။ |
အို ထာဝရဘုရား မြှောက်ပင့်ပြောဆိုတတ်သည့်လျှာများကို ဖြတ်ပစ်တော်မူပါ။ ဝါကြွားတတ်သူတို့၏နှုတ်များကိုလည်း ပိတ်တော်မူ၏။
မာနထောင်လွှားလျက်သူတော်ကောင်းတို့အကြောင်း ကဲ့ရဲ့ပြောဆိုတတ်သူလူလိမ်တို့၏ နှုတ်ကိုပိတ်တော်မူပါ။
ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။
ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-
ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။