ဆာလံ 12:3 - Common Language Bible3 အို ထာဝရဘုရား မြှောက်ပင့်ပြောဆိုတတ်သည့်လျှာများကို ဖြတ်ပစ်တော်မူပါ။ ဝါကြွားတတ်သူတို့၏နှုတ်များကိုလည်း ပိတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible3-4 ငါ တို့ လျှာ ဖြင့် အောင် မြင် မည်။ နှုတ် ခမ်း သည် ကိုယ် ပိုင် ဖြစ်၏။ ငါ တို့ အ ရှင် ကား၊ မည် သူ နည်း ဟူ ၍၊ မြှောက် ပင့် သော နှုတ် ခမ်း နှင့် ဝင့် ဝါ သော လျှာ ရှိ သ မျှ ကို၊ ထာ ဝ ရ ဘု ရား ဖြတ် ပစ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible3-4 ငါတို့သည် ကိုယ်လျှာအားဖြင့်နိုင်မည်။ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကိုစောင့်လိမ့်မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားသည် မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် ဝါကြွားပြောဆိုတတ်သောလျှာရှိသမျှတို့ကို ဖယ်ရှားတော်မူပါစေ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-