ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
သူ တော် ကောင်း တို့၏ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် ကို ကယ် လွှတ် လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ မူ ကား၊ ကိုယ့် စွဲ လမ်း ခြင်း နှင့် ကျော့ မိ ကြ လိမ့် မည်။
ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
ဖြောင့်မှန်သောသူတို့၏ဖြောင့်မတ်ခြင်းသည် သူတို့ကိုကယ်နုတ်တတ်၏။ သစ္စာမဲ့သောသူတို့မူကား မိမိတို့၏အလိုရမ္မက်အားဖြင့် ဖမ်းဆီးခြင်းခံရတတ်ကြ၏။
နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။
ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
ထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊-