ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
ဝတ်ပြု 9:11 - Common Language Bible သို့ရာတွင်အသားနှင့်သားရေကိုစခန်း အပြင်တွင်မီးရှို့သည်။ Garrad Bible အ သား အ ရေ ကို ကား တပ် စား ခန်း ပြင် ကျွမ်း လောင် စေ လေ ၏။ Judson Bible အသားနှင့်အရေကို တပ်ပြင်မှာမီးရှို့လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အသားနှင့်အရေခွံတို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့လေ၏။ |
ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
ထိုနောက်သူသည်ထာဝရဘုရားက မောရှေ အားမိန့်မှာတော်မူသည့်အတိုင်း နွား၏အဆီ ကျောက်ကပ်များနှင့်အသည်းမှအကောင်းဆုံး အပိုင်းကို ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်လေ သည်။-
ထိုနောက်သူသည်မိမိအတွက် မီးရှို့ရာယဇ် ကောင်ကိုသတ်လေသည်။ သူ၏သားတို့ကသူ ထံသို့သွေးအနည်းငယ်ကိုယူလာသဖြင့် သူသည်ယဇ်ပလ္လင်လေးဘက်အပေါ်သို့ သွေးကိုပက်ဖျန်းလေသည်။-